Main menu

မန္တလေးပဲတီစိမ်းစျေးကွက်

Powered by Drupal

  ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက် သည့်ပဲတီစိမ်းသီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲတီစိမ်း သီးနှံ မှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းသီးနှံစိုက်ပျိုးမှု(၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁) ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်း နှင့်အထွက် (၂၉၄၉၀၁၇)တင်းဖြစ်ကြောင်း သိရပါတယ်။ပဲတီစိမ်း ကို ပြည်တွင်း၌ အသားဟင်းများနှင့်ရော၍ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊ပဲနှင့်ပြုလုပ်သည့်မုန့် များအဖြစ်စားသုံးကြပြီး၊ အဟာရအနေဖြင့် အစာကျေညက်လွယ်ခြင်း၊အရိုးအားကောင်းစေခြင်း၊ သွားနှင့်သွားဖုံးကျန်းမာစေခြင်း၊သွေးတိုးရောဂါမှကာကွယ်ပေးခြင်း၊စိတ်အာရုံခံစွမ်းအား တိုးပွား စေခြင်း၊ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကိုလျော့ကျစေခြင်း၊ သကြား ပမာဏကိုထိန်းညှိပေးခြင်း၊ အမြင်အာရုံကောင်းစေခြင်း၊ အသည်းကျန်းမာစေခြင်း၊ ဗိုင်းရပ်စ်ပိုး အန္တရာယ်မှကာကွယ်ပေးခြင်းတို့ကြောင့် ကျန်းမာရေးအတွက်အရေးပါသော ပဲတစ်မျိုးဖြစ် ကြောင်း သိရပါတယ်။  မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ပဲတီစိမ်းသေး(စိမ်းနောက်) ၂၇၅၀၀၀ ကျပ်၊ ပဲတီစိမ်း(ညာ) ၂၆၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ပဲတီစိမ်း(ခွဲပဲ) ၂၆၀၀၀၀ ကျပ်၊  တစ်ပိဿာပေါက်စျေးမှာ ပဲတီစိမ်း(သေး) ၄၈၈၉ ကျပ်၊ ပဲတီစိမ်း(ညာ) ၄၆၂၂ ကျပ်နှင့် ၄၈၈၉ ကျပ်နှင့် ပဲတီစိမ်း(ပဲခွဲ) ၄၆၂၂ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။  ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း(ညာ)(သစ်) ၁၇၀၀၀၀ ကျပ်နှင့် ၁၉၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၃၀၂၂ ကျပ်နှင့် ၃၄၁၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းတစ်ပိဿာလျှင် ၁၄၇၇ကျပ်စျေးမြင့်သွား ကြောင်းသိရပါတယ်။ ပဲတီစိမ်းဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်း ငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)