
ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ထောပတ်ပဲ သီးနှံများ ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲသီးနှံမှာ ပြည်တွင်း စားသုံးမှု နှင့်ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံစိုက်ပျိုးမှု(၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈) ဧက၊ အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက်(၁၅၅၂၇၁)တင်းဖြစ်ကြောင်း သိရပါတယ်။ထောပတ်ပဲကိုပြည်တွင်း၌ အသားဟင်းများ နှင့်ရော၍ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊ပဲနှင့်ပြုလုပ်သည့်မုန့်များအဖြစ်စားသုံးကြပြီး၊ အဟာရ အနေဖြင့် အစာကျေညက်လွယ်ခြင်း၊အရိုးအားကောင်းစေခြင်း၊ ဆံသားကျန်းမာစေခြင်း၊ အသား အရေလှပစေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ ကင်ဆာရောဂါကို လျော့ကျစေခြင်း၊ အသည်းကျန်းမာစေခြင်းတို့ကြောင့် ကျန်းမာရေးအတွက်အရေးပါသော ပဲတစ် မျိုးဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် ထောပတ်ပဲ(ဂေါက်) ၃၆၀၀၀၀ ကျပ်၊ထောပတ်ပဲ(သေး) ၂၈၀၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ထောပတ်ပဲ(ဂေါက်) ၆၄၀၀ ကျပ်၊ ထောပတ်ပဲ(သေး) ၄၉၇၈ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)(သစ်) ၄၅၀၀၀၀ ကျပ်နှင့် ၄၇၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်)(သစ်)၄၂၀၀၀၀ ကျပ်နှင့် ၄၃၀၀၀၀ ကျပ်၊ ထောပတ်ပဲ(သေး)သစ် ၄၂၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး)(သစ်) ၈၀၀၀ ကျပ်နှင့် ၈၃၅၆ ကျပ်၊ထောပတ်ပဲကြီး(လတ်)(သစ်) ၇၄၆၇ ကျပ်နှင့် ၇၆၄၄ ကျပ်နှင့်ထောပတ်ပဲ(သေး)(သစ်)၇၄၆၇ကျပ်တို့ ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲတစ်ပိဿာလျှင် ၁၉၅၆ ကျပ်စျေးလျော့ နည်းသွားကြောင်းသိရပါတယ်။ထောပတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက် စျေးအနည်း ငယ်ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)