
ဖေဖော်ဝါရီလတတိယပတ်တွင် မန္တလေးစျေးကွက်အတွင်း သစ်သီးမျိုးစုံ ဝင်ရောက်မှု အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသ တို့မှ အများအပြားဝင်ရောက်ပြီး၊ အခြားဒေသများမှလည်း ဝင်ရောက်ကြောင်း သိရပါတယ်။ ဒေသအသီးသီးမှ ဝင်ရောက်လာသည့်သစ်သီးများအား မန္တလေးမြို့၊ စျေးချိုစျေး၊ ၂၉ လမ်းနှင့် ၃၁ လမ်းကြား၊ ၈၄ လမ်းနေရာရှိ သစ်သီးပွဲရုံများသို့ ဝင်ရောက်ကြောင်း သိရပါတယ်။ စျေးချိုရှိ သစ်သီးပွဲရုံများမှ ဝယ်ယူ၍ မြို့ပေါ်ရှိ စျေးငယ်များသို့ တဆင့် ပြန်လည်ရောင်းချလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသည့် သစ်သီးစျေးများအနေဖြင့် တစ်ပိဿာလျှင် စပျစ်သီး၁၂၀၀၀ ကျပ်နှင့် ၁၄၀၀၀ ကျပ်၊ လိမေ္မာ်သီး အပွ(အလုံးကြီး) ၂၀၀၀ဝိ/-နှင့် ၂၅၀၀ဝိ/-စျေး၊ ပျားလိမ္မော်နှင့် ရွှေလိမ္မော် ၈၀၀ဝိ/-နှင့် ၁၀၀၀ဝိ/- စျေး၊ စတော်ဘယ်ရီသီး (အကျွတ်သီး) ၉၀၀ဝိ/-နှင့် ၁၀၀၀ဝိ/-စျေး၊စတော်ဘယ်ရီသီး(ချိုမွှေးသီး) ၁၂၀၀ဝိ/- နှင့် ၁၃၀၀ဝိ/- စျေး၊ ထောပတ်သီး(Hass မျိုး) ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- စျေးတို့နှင့် အလုံးအရေအတွက်ဖြင့် ရောင်းချသည့် ကျွဲကောသီး (မော်လမြိုင်သီး) တစ်လုံးလျှင် ၃၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ ပန်းသီး အလုံးကြီး(အကျွတ်သီး)တစ်လုံးလျှင် ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊ ဆန်းကစ်သီးတစ်လုံးလျှင် ၂၅၀ဝိ/- စျေးနှင့် ၃၀၀ဝိ/-စျေး၊ ပန်းသစ်တော်သီး(အလုံးကြီး) တစ်လုံးလျှင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေး၊သခွားသီး ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-စျေးတို့ဖြင့် အသီးသီးရောင်းချလျှက်ရှိပါတယ်။ သစ်သီး အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုရှိပြီး၊ ပွင့်လင်းရာသီရောက်လာပြီဖြစ်၍ ဖေဖော် ဝါရီလတတိယပတ်အတွင်းမန္တလေးစျေးကွက်အတွင်းသစ်သီးများအရောင်းသွက်လျှက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)