Main menu

ရေထွက်ကုန်ပစ္စည်းဈေးကွက်

Powered by Drupal

     မန္တလေးမြို့သိရိမာလာဈေးတွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ငါး၊ပုဇွန်များကို ဒိုင်ကြီးများဖွင့်လှစ်၍ မန္တလေးမြို့ပေါ်ရှိ ဈေးများအားလုံးသို့ လက္ကားဖြန့်ဖြူးရောင်းချလျှက်ရှိပါ သည်။ အဆိုပါ ဒိုင်ကြီးများမှ ၂၀၂၅ ဖေဖေါ်ဝါရီလ ဒုတိယပတ်တွင် ရောင်းဝယ်လျှက်ရှိသော ဈေးနှုန်းဈေးကွက်များအနေနှင့်ငါးသလောက်အကောင်သေး ၁ပိဿာ ၂၀၀၀၀ကျပ်၊အကောင်ကြီး ၁ပိဿာ ၃၅၀၀၀ကျပ်၊ ငါးကြင်းဖြူ ၁ပိဿာ ၁၂၀၀၀ ကျပ်မှ ၁၆၀၀၀ ကျပ်၊ ငါးကြင်းမျက်စံနီ ၁ပိဿာ ၁၁၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်၊ ငါးအုံတုံ ၁ပိဿာ ၁၀၀၀၀ကျပ်မှ၁၃၀၀၀ကျပ်၊ ငါးမြစ်ချင်းနှင့်ငါးပတ်  ၁ပိဿာ ၁၃၀၀၀ကျပ်မှ၁၆၀၀၀ကျပ်၊ တီလားဗီးယား (ခေါ်)အကင်ငါး ၁ပိဿာ ၈၀၀၀ကျပ်မှ၁၀၀၀၀ကျပ်၊ ပုဇွန်ဆိတ်၁ပိဿာ ၂၄၀၀၀ကျပ်၊ ပုဇွန်ဂျော့ ၁ပိဿာ ၃၂၀၀၀ကျပ်၊ပုဇွန်ထုပ် ၁ပိဿာ ၆၀၀၀၀ကျပ်မှ၅၅၀၀၀ကျပ်၊ အထုပ်အရွယ်အစားလိုက် ဈေးနုန်းကွာခြားမှုရှိကြောင်း ငါးဒိုင်များအနေနှင့် နေ့စဉ်မန္တလေးမြို့ပေါ်ဈေးများမှ လက်လီသမား များဝယ်ယူခြင်းအတွက် အရောင်းအဝယ်ပုံမှန်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)