Main menu

ရွှေဖရုံသီးဈေးကွက်

Powered by Drupal

ရွှေဖရုံသီးသည် တစ်နှစ်ပတ်လုံးထားခံနိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ ယခင်က ရွှေဖရုံသီးကို ဗမာမျိုးလုံးကြီးမျိုးကိုသာ စိုက်ပျိုးကြပြီး ယခုအခါ အသင့်စားအနေတော်လုံးသေးမျိုး၊ ထိုင်ဝမ်မျိုးများကိုသာ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။ ၎င်းရွှေဖရုံသီးအသေးမျိုးများသည် ပြည်တွင်းဈေးကွက်တွင်သာမက ပြည်ပဈေးကွက်တရုတ်နိုင်ငံသို့လည်း တင်ပို့ရောင်းချလျှက်ရှိ ကြောင်း သိရသည်။ ဖရုံသီးကို ဟင်းလျာအဖြစ်စားသုံးကြပြီး ဟင်းရည်သောက်အဖြစ်လည်း စားသုံးကြသည်။ ဖရုံသီးဆနွင်းမကင်းလည်း ပြုလုပ်ရောင်းချကြောင်း တွေ့ရှိရသည်။ မတ္တရာ မြို့နယ်တွင် ရွှေဖရုံသီးအသေးမျိုးဧက များစွာစိုက်ပျိုးထားပြီး ရွှေဖရုံသီးများ စတင်ထွက်ပေါ် နေပြီဖြစ်ပါသည်။ ရွှေဖရုံသီးများကို မုံရွာမြို့နယ်မှ ထွက်ရှိပြီး ဗမာမျိုးများမှာ တစ်လုံးလျှင် အရွယ် အစားအလိုက်(၂၅၀၀/၃၀၀၀/၃၅၀၀)ကျပ်အထိ ရှိကြပြီး မတ္တရာနှင့် ပြင်ဦးလွင်မြို့များမှထွက်ရှိသည့် ထိုင်ဝမ်မျိုးများမှာ တစ်လုံးလျှင်(၁၀၀၀)ကျပ်၊ တောင်ကြီးဘက်မှ ထွက်ရှိသည့် ဖရုံသီးများမှာ (၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်အထိရှိကြပြီး မန္တလေးမြို့အနယ်နယ်အရပ်ရပ်ရှိ ဈေးကလေးများသို့ လည်း တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 

a