Main menu

ပခုက္ကူမြို့မဈေး၌ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေး တို့တွင် အာလူးသီးအသစ်များအများအပြား ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြို့မစည်ပင် ဈေးတွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်မြို့နယ်ထွက် အာလူးသီးများသာမက ရှမ်းပြည်နယ်ထွက် အာလူးသီးများ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ ပါသည်။ ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)မှစ၍ ကမ္မမြို့နယ်များ ထွက်ရှိသော အာလူးသီး(အသစ်)များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း မြို့မဈေး သည်များထံမှ သိရှိရပါသည်။

          ဖေဖေါ်ဝါရီ(ပထမပတ်)တွင် အာလူးတစ်ပိဿာလျှင် အရည်အသွေးနှင့် အရွယ်အစားလိုက်၍ ကျပ်(၄၅၀၀-၃၅၀၀)ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဖေဖေါ်ဝါရီ(ဒုတိယပတ်)တွင် အာလူး(အလုံးကြီး) လက်ကားတစ်ပိဿာလျှင် ကျပ်(၃၆၅၀)၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ် (၃၃၀၀)၊ အလုံးသေး တစ်ပိဿာလျှင် ကျပ်(၂၅၀၀)ခန့်ဖြစ်ပြီး ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၉၀၀)ခန့် ကျဆင်းနေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပြီး နေ့စဉ် ကုန်ချိန် ဝင်ရောက်မှုအနေဖြင့် တစ်နေ့လျှင် ကုန်ချိန်(၄၀၀၀ မှ ၅၀၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)