Main menu

ကျိုက်မရောမြို့နယ်၌ နတ်စမ်းကျွဲကောသီးများ လှိုင်လှိုင်ထွက်ရှိချိန်စျေးကောင်းရရှိ

Powered by Drupal

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာမှ ကျွဲကောသီးများ လှိုင်လှိုင်ထွက် ရှိပြီးဖြစ်ရာ ယခုချိန်၌ စျေးကောင်းရသဖြင့် ကျွဲကောခြံရှင်များ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

နတ်စမ်းကျေးရွာရှိ ပြည်သူအများစုသည် ခြံလုပ်ငန်းဖြင့် အဓိက စီးပွားရေးကို လုပ်ကိုင် နေကြပြီး နှစ်ရှည်သီးနှံပင်မျိုးဖြစ်သည့် ကျွဲကောသီး၊ ကြက်မောက်သီးများကို အဓိကထား စိုက်ပျိုးပြီး ရာသီပေါ်သီးနှံမျိုးစုံကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရာ ဆောင်းရာသီး သီးနှံ များထဲမှ စျေးကွက်ဝင် သီးနှံဖြစ်သော ကျွဲကောသီးများ ယခုလအတွင်း လှိုင်လှိုင်ထွက်ရှိပြီး ဖြစ်ရာ စျေးကောင်းလည်းရရှိကြသဖြင့် မိသားစု ဝင်ငွေတိုးလျက်ရှိရာ ယခုချိန် ထွက်ရှိသော ကျောက်စိမ်း ကျွဲကောသီးမှာ အရည်ရွှမ်းပြီး အရသာလည်းပို၍ ချိူသဖြင့် လူကြိုက်များကြောင်း ကျွဲကောသီး  တစ်လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ရရှိပြီး ကုန်သည်များ အဝယ်လိုက် ကြောင်း ရန်ကုန်မြို့နှင့် အခြားမြို့များသို့ တင်ပို့ရောင်းချပြီး စျေးကွက်ဝင် စားသုံးသီးနှံဖြစ်ကာ စိုက်ပျိုးသူများအနေဖြင့် စီးပွားဖြစ် စိုက်ပျိုးကြသူများလာကြောင်းလည်းသိရသည်။

အဆိုပါ ကျွဲကောသီးအဖြူမျိုးကို မုဒုံမြို့ စိုက်ပျိုးရေးခြံမှ မျိုးဝယ်ယူ၍ စနစ်တကျ စိုက်ပျိုးကြသဖြင့် အထွက်နှုန်းလည်းကောင်းမွန်ကြောင်း သိရသည်။ ကျွဲကောသီးသည် လူမျိုးမရွေး၊ ဘာသာမရွေး စားသုံးနိုင်သည့် အာဟာရဖြည့်ဓာတ်စာလည်းဖြစ်ရာ အချင်းချင်း လက်ဆောင်ပေးရာ၌လည်း အထူးအသုံးဝင်သည့် သီးနှံဖြစ်၍ လူကြိုက်များပြီး ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေသည့် သီးနှံလည်းဖြစ်သည်ကျွဲ ကောသီး စားခြင်းဖြင့် သွေးပြစ်စေသော ရောဂါမှကာကွယ်ပြီး သွေးလည်ပတ်မှုကောင်းခြင်း၊ အိပ်မပျော်ခြင်း၊ လည်ပင်နာခြင်း စသည့်ရောဂါများ ပျောက်ကင်းစေသဖြင့် လူတိုင်းစားသုံး သင့်သော ဆေးဖက်ဝင် သီးနှံဖြစ်ကြောင်း ကျွဲကောသီး စီးပွားဖြစ်စိုက်ပျိုးသူ  ဒေါ်စမ်းမော်ထံမှ သိရသည်။

DOCA(မွန်)