Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော စပျစ်သီးဈေးနှုန်း /ဈေးကွက်အခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့နယ်တွင် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို  မန္တလေးမြို့မှ မှာယူ ရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စပျစ်သီး(ထိုင်ဝမ်သီး) တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၆၀၀၀)ကျပ်၊ စပျစ်သီး(ဗမာသီး)ဈေးနှုန်းများမှာ စပျစ်သီး တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ ၁၀ကျပ်သားလျှင် (၂၀၀၀)ကျပ် နှင့် ရက်ကြာ၍ အနည်းငယ်ညှိုးနွမ်းနေသော စပျစ်သီး(ဗမာသီး) တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင် (၄၅၀၀)ကျပ်၊ ၁၀ကျပ်သားလျှင်(၁၈၀၀)ကျပ် ဈေးနှုန်းအသီးသီးဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)