
ကန့်ဘလူမြို့နယ်အတွင်း ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်း များထဲမှ တီလားဗီးယားငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် ကန့်ဘလူမြို့၏ တီလားဗီးယား ငါးဈေး နှုန်းများအနေဖြင့် တီလားဗီးယားငါး(အကြီး)တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ တီလားဗီးယားငါး (အသေး)တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (၅၀)ကျပ် သားလျှင်(၄၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း တီလားဗီးယားငါးသည် ထံမှ သိရပါသည်။
DOCA(စစ်ကိုင်း)