Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော တောကြက်ဟင်းခါးသီး ဈေးနှုန်း

Powered by Drupal

          ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးသည့်အနက် တောကြက်ဟင်းခါးသီးကိုလည်း စင်ထိုးစိုက်ပျိုးကြကြောင်း သိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တစ်ပြည်လျှင်(၂၀၀၀)ကျပ်၊ နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့၊ မြို့မ ဈေးတွင် ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)