
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း “မြို့မဈေး”ရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသည့် ခရမ်းသီးခြောက်ဈေးနှုန်းများမှာ လက္ကား(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ လက်လီ (၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ခရမ်းသီး ခြောက်များကို ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်ကြောင်း ကုန်မျိုးစုံရောင်း ချသည့်လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)