Main menu

ကန့်ဘလူမြို့ ဈေးကွက်တွင် ရောင်းချနေသော လိမ္မော်သီး ဈေးနှုန်း/ဈေးကွက်

Powered by Drupal

ရက်စွဲ၊ ၂၀..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများ ကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိ ကြောင်းသိရ သည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ လိမ္မော်သီး ဈေးနှုန်းများမှာ ပျားလိမ္မော်သီး တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊(၅၀)ကျပ်သားလျှင် (၈၀၀၀) ကျပ်၊ ၂၅ကျပ်သားလျှင်(၄၀၀၀) ရွှေလိမ္မော်သီး ချိန်သား တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀)ကျပ်၊ ၂၅ကျပ်သား လျှင် (၅၀၀၀)ကျပ်၊ ကေဘီ လိမ္မော်သီး တစ်ပိဿာ လျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချ နေသော ဈေးသည်တစ်ဦး ထံမှ သိရသည်။

DOCA(စစ်ကိုင်း)