
ရက်စွဲ၊ ၂၀.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့ပေါ်ရပ်ကွက်တွင် နေထိုင်ပြီး ကုန်စိမ်း သီးနှံများ အချဉ်မျိုးစုံများ ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင်ပေါက်ဖောက်၍ ရောင်းချကြပါသည်။ ပဲတီစိမ်းအပင်ဖောက်ရာတွင် အသစ်ပေါ်သော ပဲတီစိမ်းကို အပင်ဖောက်၍မရကြောင်း ပဲတီစိမ်း အဟောင်းကို သာရှာဝယ်ပြီး ပဲတီပင်ပေါက်ဖောက် ရကြောင်း သိရပါသည်။
ပဲတီပင်ပေါက်ကို ကန်ဇွန်းရွက်၊ ဆူးပုတ်ရွက်တို့ဖြင့်ကြော်စားခြင်း၊ ပဲတီပင်ပေါက်ကို ရေနွေးဖျော ၍သုပ်စာခြင်း၊ ပဲတီပင်ပေါက်ကို မုန့်ရေပါးထဲတွင်ထည့်ခြင်း၊ မုန့်ပြာသက်ထဲတွင်ထည့်ခြင်း နှင့် ပဲတီပင် ပေါက်ကိုအချဉ်တည်ခြင်း စသည်တို့အသုံးပြု စားသုံးကြပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့မဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ပဲတီပင်ပေါက် ဖောင်ပြီးရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)