Main menu

ကန့်ဘလူမြို့တွင် ရောင်းချနေသော ပဲတောင့်ရှည်သီး ဈေးနှုန်း

Powered by Drupal

ရက်စွဲ၊ ၂၀..၂၀၂၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ကန့်ဘလူ မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှာ စားဖိုဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

ပဲတောင့်ရှည်သီးသည် ရာသီအရွေး စိုက်ပျိုးနိုင်သော သီးနှံပင်တစ်မျိုးဖြစ်ပြီး၊ ပဲတောင့်ရှည်သီးကို  အပိန်ချက် ချက်စားခြင်း၊ ပဲတောင့်ရှည်သီးကိုကြက်ဥနှင့်ကြော်စားခြင်း၊ ပဲတောင့်ရှည်သီးကိုပြုတ်ပီး အချို/အချဉ် သုပ်စားခြင်း၊ ပဲတောင့်ရှည်သီးကို သင်္ဘောသီးသုပ်၊ အစုံသုပ်၊ အားပူလျှာပူ၊ မုန့်ဟင်းခါး တို့ ထဲတွင်ထည့်ခြင်း ပဲတောင့်ရှည်သီးကို ခရမ်းသီး၊ ရုံးပတီသီး၊ ဂေါ်ရခါးသီး၊ ခဝဲသီးတို့နှင့် ရောနှော ချက်စားခြင်းတို့ အသုံးပြု စားသောက်ကြပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကန့်ဘလူမြို့၏ ဖြစ်ပေါ်နေသော ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး (၅)တောင့်ပါ ၁စီးလျှင်(၂၀၀)ကျပ်၊ ပဲတောင့်ရှည် သီး(၅)တောင့်ပါ ၃စီးလျှင်(၅၀၀)ကျပ်၊ ပဲတောင့်ရှည်သီး (၈)တောင့်ပါ ၁စီးလျှင်(၃၀၀)ကျပ်၊ ပဲတောင့်ရှည် သီး (၈)တောင့်ပါ ၂စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့ မြို့မဈေး၌ ကုန်စိမ်း သီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)