
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကွမ်းသီးပင်များကို နေအိမ်ခြံဝင်းများ၌ မိသားစု အပိုဝင်ငွေရရှိသည့်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း ၊ ကွမ်းသီးများကို ကန့်ဘလူခရိုင် အတွင်းမှလည်းကောင်း၊ ဘိတ်ဒေသမှလည်းကောင်းဝယ်ယူပြီး ကွမ်းသီးစိတ်များပြုလုပ်၍ ပြန်လည် ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ၊ ဖေဖေါ်ဝါရီလ တတိယပတ်တွင် ကန့်ဘလူခရိုင်၏ ကွမ်းသီးစိတ်ဈေးနှုန်းများ မှာအရည်အသွေးပေါ်မူတည်၍ ကွမ်းသီးစိတ်လက်ကားဈေး(ရှယ်)တစ်ပိဿာလျှင် (၁၈၈၀၀)ကျပ်၊ လက်လီဈေး(ရှယ်)တစ်ပိဿာလျှင်(၁၉၅၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၁၈၂၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ကွမ်းသီးစိတ် (ရှယ်)လက်လီ/လက္ကားဈေးမှာ တစ်ပိဿာလျှင်(၃၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်)တစ်ပိဿာလျှင် (၂၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့်ကျေးရွာများ၊ ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကွမ်းသီးစိတ် ရောင်းဝယ်ရေး လုပ်ငန်းရှင်၏ပြောပြချက်အရ သိရသည်။
DOCA(စစ်ကိုင်း)