
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး မြေပဲလုံးဆံနှင့် မြေပဲအတောင့်များကို မြေပဲစိုက်ပျိုးရာ၌လည်းကောင်း ၊ ဆီစက်လုပ်ငန်းရှင်အချို့မှ မြေပဲဆီကြိတ်ကာ ကုန်ချောထုတ်လုပ်၍ ပြန်လည်ရောင်းချကြောင်း၊ မြေပဲလုံးဆံကို မြေပဲယို၊ မြေပဲဆားလှော်စသည်ဖြင့်လည်းကောင်း၊ အစားအသောက်များနှင့်တွဲဖက်စားသုံးခြင်းတို့ ပြုလုပ်ကြ ကြောင်း၊ ကန့်ဘလူခရိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် မြေပဲလုံးဆံများသည် ဒေသတွင်းမှလည်း ကောင်း၊ မန္တလေးမြို့နှင့်ရွှေဘိုမြို့တို့မှလည်းကောင်း ဝင်ရောက်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်၌ ဖေဖေါ်ဝါရီလ ဒုတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင် ငွေကျပ် (၃၈၀၀၀)နှင့် မြေပဲလုံးဆံ(၁)တင်းလျှင် ငွေကျပ်(၁၃၆၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဖေဖေါ်ဝါရီလ တတိယပတ်အတွင်း မြေပဲအတောင့်(၁)တင်းလျှင်(၃၉၀၀၀)ကျပ်နှင့် မြေပဲလုံးဆံ(၁) တင်းလျှင်(၁၄၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်လျက်ရှိသောကြောင့် မြေပဲအတောင့်(၁)တင်းလျှင် (၁၀၀၀)ကျပ်နှင့် မြေပဲလုံးဆံဈေးမှာ(၄၀၀၀)ကျပ် မြင့်တက်လာကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)