Main menu

ပြည်မြို့တွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

              ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပုတီးကုန်းမြို့နယ်ရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံ ဖြစ်သော ခရမ်းချဉ်သီးကို မိသားစုအပိုဝင်ငွေရရှိအောင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးလျက် ရှိပါသည်။

        ခရမ်းချဉ်သီးသည် ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ခရမ်းချဉ်သီးသည် ခန္တာကိုယ်အတွက် များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်သောကြောင့် အရောင်းသွက်လှပါသည်။ ခရမ်းချဉ်သီးကို ဟင်းချက်ရာတွင် အနှစ်များရအောင် ထည့်၍ချက်ကြသလို အခြားသီးနှံနှင့်အတူ ရော၍ ချက်ပြုတ်စားသုံးကြသလို အကြော်စုံများနှင့်လည်းရော၍ သုတ်စားကြပါသည်။ ခရမ်းချဉ်သီး ကို စားသုံးပါက အသားအရေ လှပစေသည့်အပြင် ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊  ကေတို့များစွာ ပါဝင်ပါ သည်။ ခရမ်းချဉ်သီးစားသုံးခြင်းဖြင့် နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါသည်။

           ပြည်ဈေးကွက်မှာတော့ ရှမ်းခရမ်းချဉ်သီးများဈေးကောင်းရနေကြောင်း သိရသည်။ ရှမ်းသီး နှင့် ကိုင်းသီးဟူ၍ (၂)မျိုးရှိရာ ဈေးကွက်တွင် ရှမ်းသီးများသာ အရောင်းအဝယ်ဖြစ်နေကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)