Main menu

သခွားမွှေးသီး ဈေးနှုန်းဈေးကွက်နှင့် ကျန်းမာရေးအထောက်အကူပြုမှု အခြေအနေ

Powered by Drupal

သခွားမွှေး၏ မူရင်းဒေသသည် အိန္ဒိယနိုင်ငံမှဖြစ်ပြီး မြန်မာပြည်အနှံအပြားတွင် စိုက်ပျိုး နိုင်သော သီးနှံမျိုးဖြစ်၍ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးကြသည်ကို တွေ့ရှိရသည်။ မြင်းခြံမြို့ရှိ ဈေးကွက်အတွင်း ပြင်ဦးလွင်၊ တံတားဦးမြို့နယ်တို့မှ ထွက်ရှိသည့် သခွားမွှေးများဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်းနှင့် လိမ္မော်နီအရောင် သခွားမွှေး တစ်လုံးလျှင် (၁၂၀၀)ကျပ်မှ (၁၅၀၀)ကျပ်ဖြစ်ပြီး လုံးပတ်အကြီး၊ အသေးပေါ်မူတည်၍ ဈေးနှုန်းများ အနည်းငယ် ကွာခြားကြောင်း သိရှိရသည်။

သခွားမွှေးသီးသည် အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိသော သစ်သီးတစ်မျိုးဖြစ်ပြီး သခွားမွှေးတွင်ပါဝင်သော ဗီတာမင်အေသည် အမြင်အာရုံကို ကောင်းမွန်စေခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေသဖြင့် ကူးစက်ရောဂါကိုကာကွယ် နိုင်စွမ်းရှိခြင်း၊ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်သဖြင့် သွားဖုံးသွေးယိုခြင်းများကို ကာကွယ်နိုင်စွမ်းရှိခြင်း၊ ပိုတက်စီယမ်နှင့် အခြားသတ္ထုဓာတ်များပါဝင်သဖြင့် သွေးဖိအားကို ထိန်းချုပ်ပေးနိုင်စွမ်းနှင့် သွေးတိုးကိုလျှော့ချပေးကာ သွေး လှည့်ပတ်မှုကို ကောင်းမွန်စေကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)