
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ကျောက်စိမ်း ငရုတ်သီးစိမ်းများ စိုက်ပျိုးထားရှိပြီး နတ်တော်လကုန်ခါနီးတွင် ပျိုးပင်များကိုပျိုးပြီး ပြာသိုလတွင် စိုက်ပျိုးသည့်မြောင်းဘောင်ပေါ်သို့ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခြားပြီး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး တပို့တွဲလတွင် ငရုတ်သီးများကို စတင်ခူးယူချိန်တွင် (၁၅)ရက်လျှင် တစ်ကြိမ် ခူးဆွတ်ရပြီး တစ်ခါခူးဆွတ်လျှင် ပိဿာချိန်(၁၀၀)ဝန်းကျင်ခန့်ရရှိကြောင်း သိရပါသည်။ ငရုတ်သီး ကို စတင်ပေါ်စမှစ၍ အသီးများတုံးသည့်အထိ (၁)လကျော်ခူးဆွတ်ရပြီး တစ်ဧက စိုက်ပျိုး ထုတ်လုပ်ကုန်ကျစရိတ်အနေဖြင့် ၆၀၀၀၀-၇၀၀၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရှိရပါသည်။ ထွက်ရှိ လာသော ငရုတ်သီးများကို ကုန်စိမ်းဒိုင်များမှ စိုက်ခင်းအထိဆင်း၍ ဝယ်ယူကြပြီး တစ်ပိဿာလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချသဖြင့် တောင်သူအကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ခန့်မှန်းခြေ ၃၅၀၀၀၀-၄၀၀၀၀၀ကျပ် ရရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)