
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်သည် ကျောက်ဆည်ခရိုင်အတွင်းတည်ရှိပြီး စပါး စိုက်ပျိုးမှုနှင့်ရာသီပေါ်သီးနှံများအားအဓိကစိုက်ပျိုးလျှက်ရှိရာ၄င်းသီးနှံများအနက်ကုလားပဲ(ဆောင်း) သီးနှံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်(၃၂၇၇၅)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏စာရင်းများအရသိရှိရပါသည်။ ယခုအချိန်တွင် ကုလားပဲများ လှိုင်လှိုင်ထွက်ပေါ် လျှက်ရှိပါသည်။ တောင်သူများအနေဖြင့် ကုလားပဲကို V7, V2, 929 နှင့် TW (ထိုင်ဝမ်) စသည့် မျိုးများအား စိုက်ပျိုးကြပြီး နှစ်စဉ် နိုင်ဝင်ဘာလ နှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးခဲ့ရာ (၁)ဧက လျှင်မျိုးစေ့အနေဖြင့် (၂)တင်းခန့်ပတ်ကြဲရကြောင်း၊မျိုးစျေးနှုန်းအနေဖြင့် (၁)တင်းလျှင်(၁၀၀၀၀၀/-) ကျပ်ကုန်ကျပြီး မြေပြင်ခြင်း ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၅၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း၊(၁)ဧက အထွက်နှုန်းအနေဖြင့် ပုံမှန်(၁၀-၁၂)တင်းခန့်ထွက်ရှိပြီး အပင် များအောင်မြင်ဖြစ်ထွန်းပြီး အသီးအထွက်ကောင်းပါက(၂၀)တင်းခန့် အထိထွက်ရှိကြောင်း၊ ယခင်နှစ် ကုလားပဲစျေးနှုန်းအနေဖြင့် V7, V2, 929 နှင့် TW (ထိုင်ဝမ်) (၁)တင်း လျှင်(၈၀၀၀၀-၈၆၀၀၀)ကျပ်ရှိ ကြောင်း၊ယခုအချိန်တွင်ကုလားပဲ(V7)တစ်တင်းလျှင်(၇၆၅၀၀/-)ကျပ်၊ (V2 နှင့် 929 ) တစ်တင်းလျှင် (၇၆၀၀၀/-)ကျပ် ၊ TW (ထိုင်ဝမ်) (၁)တင်းလျှင် (၇၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် ပုံမှန်ထွက်ရှိပါက (၅၀၀၀၀၀/-)ကျပ်ခန့်မြတ်ပြီး အထွက်နှုန်းကောင်းမွန်ပါက (၇၀၀၀၀၀/-)ကျပ် အထက်မြတ်ကြောင်း၊ ကုလားပဲစိုက်ပျိုးခြင်းသည် ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာခြင်းကြောင့် မိသားစု အပိုဝင်ငွေရရှိသောကြောင့် စိုက်ပျိုးသင့်သော သီးနှံဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)