
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်သည် တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်
ရေးကောင်းမွန်သောကြောင့် ခရီးသွားများ၊လာရောက်လည်ပတ်သူများဖြင့်အမြဲမပျက်စည်ကားလျှက်ရှိ ပါသည်။ဒေသထွက်ဖြစ်သော မေမြို့ပန်း(သို့)အက်စကာပန်းသည်လည်း ပြင်ဦးလွင်၏အဓိကအခန်း ကဏ္ဍမှပါဝင်ပါသည်။ပြင်ဦးလွင်ခရိုင်တွင် နှစ်ရှည်သီးနှံများ၊ ရာသီပေါ်သီးနှံများအပြင်၊ ပန်းပေါင်းစုံ စိုက်ပျိုးနိုင်ပြီး မြေဆီလွှာအထူးကောင်းမွန်သောကြောင့် စိုက်သမျှဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရေး တောင်သူများအလုပ်အကိုင်ဖြစ်ထွန်းပြီး စီးပွားရေးတွက်ချေကိုက်လျှက်ရှိပါသည် ။ လူသိများသော မေမြို့ပန်း(သို့)အက်စကာပန်းကိုလည်းမိရိုးဖလာစိုက်ပျိုးသောတောင်သူများလည်းရှိပါသည်။မေမြို့ပန်း (ခ)အက်စကာပန်းပင်သည် အပင်မှမျိုးစေ့ထုတ်ယူရရှိသော အပင်မျိုးဖြစ်သည်။ သဘာဝမြေသြဇာ၊ နွားချေး၊ကြက်ချေးကိုပါကြိုက်နှစ်သက်ပါသည် ။ အောက်တိုဘာလတွင် စတင်စိုက်ပျိုးပြီး ပျိုးပင်ကို ရက်ပေါင်း(၃၀-၄၀)အတွင်းသားခွဲ၍စိုက်ပျိုးနိုင်ပါသည်။ မေမြို့ပန်း(သို့)အက်စကာပန်းသည် နေရာမရွေး စိုက်ပျိုးနိုင်ပြီး ပြင်ဦးလွင်တွင်လည်း ရပ်ကွက်တိုင်းတွင် စိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။ မေမြို့ပန်း (သို့) အက်စကာပန်းစိုက်ပျိုးရာတွင်(၁)ဧကလျှင် အပင်(၅၀၀၀၀-၆၀၀၀၀)ကျော်အထိစိုက်ပျိုးနိုင်ပြီး အပင်များသန်မာပြီး အပွင့်ထွက်ပိုမိုကောင်းမွန်ပါသည်။ မေမြို့ပန်း(၁)ဧက စိုက်ပျိုးရာတွင် မြေပြင်ခ၊ လုပ်သားခ၊သွင်းအားစု၊စုစုပေါင်း (၂၀)သိန်းခန့်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့်(၁)ဧကလျှင်(၁၇)သိန်း ခန့်ရရှိပါသည်။ ဇန်နဝါရီလမှဧပြီလအထိ ဖြိုင်ဖြိုင်ပေါ်ပြီး ပန်းစျေးကောင်းလျှင်အကျိုးအမြတ်ပိုမိုရရှိနိုင် ကြောင်း၊ပန်းစိုက်တောင်သူများထံမှသိရှိရပါသည်။မေမြို့ပန်း လက်ဆုပ်စီး(၄၅)ပင်ပါ ပန်းစည်းတစ်စီး လျှင်(၃၅၀၀-၄၀၀၀)ကျပ်အထိအရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ယခုအချိန်တွင် မေမြို့ပန်းများကို ပြင်ဦးလွင်၊မန္တလေးအနီးတဝိုက်ရှိမြို့များသို့ ရောင်းချလျှက်ရှိပြီး အမြစ်ပန်း(ခ)မေမြို့ပန်း(သို့)အက်စကာ ပန်းအကြောင်းရေးသားတင်ပြလိုက်ရပါသည်။
DOCA(မန္တလေး)