Main menu

“ယခင်နှစ်ထက်စျေးကောင်းရသောအညာဒေသထွက်ထန်းလက်ကုလားထိုင်”

Powered by Drupal

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများသည် အသေးစား ၊ အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တံတားဦးမြို့နယ် ၊ ရေကမိုးကျေးရွာရှိ ထန်းလက် ကုလားထိုင်လုပ်ငန်းအားကွင်းဆင်းလေ့လာခဲ့ပါသည်။၄င်းလုပ်ငန်းအား မိသားစု တစ်နိုင်တစ်ပိုင်ဖြင့် အိမ်တိုင်းလိုလိုပြုလုပ်၍ မိသားစုအပိုဝင်ငွေရရှိအောင် ပြုလုပ်ရောင်းချလျှက်ရှိပါသည် ။ ရေကမိုး ကျေးရွာတွင်  ထန်းလက်ကုလားထိုင်လုပ်ငန်းကို မိရိုးဖလာအဖြစ် လွန်ခဲ့သော ၁၅နှစ်ခန့်မှလုပ်ကိုင် ဆောင်ရွက်နေကြောင်းသိရှိရပါသည်။ကုလားထိုင်တစ်လုံးပြုလုပ်မည်ဆိုပါက ထန်းလက် အလက် (၃၀)ကုန်ကျမည်ဖြစ်ပြီး (၁)လက်လျှင်(၁၀၀/-)ကျပ်ဝယ်ယူရကြောင်း ၊ ကုလားထိုင်တစ်လုံးလုံးကို ထန်းလက်များဖြင့်သာ ပြုလုပ်ထားပြီး ကုလားထိုင်မြဲရန်အတွက် သံမှိုကိုအသုံးပြု၍ထိန်းထား ကြောင်း၊ကုလားထိုင်တစ်လုံးတွင် (၁)လက်မသံနှင့် (၁)လက်မခွဲသံ (၅)ကျပ်သားကုန်ကျမည်ဖြစ် ကြောင်း၊သံမှိုစျေးအနေဖြင့်(၁၀၀၀/-)ကျပ်ကုန်ကျကြောင်း၊လူတစ်ဦး တနေ့ကုလားထိုင်(၃)လုံးပြီးစီး ကြောင်း၊ကုလားထိုင်(၁)လုံးတွင် အပြီးအစီး (၆၀၀၀-၇၀၀၀)ကျပ်ကုန်ကျကြောင်း၊ပြန်လည်ရောင်းချ ပါက(၁)လုံးလျှင်(၁၃၀၀၀-၁၅၀၀၀)ကျပ်အထိရှိပြီးပြုလုပ်ရောင်းချသူများအနေဖြင့် နေ့တွက်သာမက စီးပွားရေးတွက်ခြေကိုက်ကြောင်း ၊ မပြုလုပ်နိုင်သူများမှငွေကြိုတင်ပေးဝယ်ယူကာ ကျေးရွာအနှံ့ ဆိုင်ကယ်များပေါ်တင်၍ လှည့်လည်ရောင်းချကြောင်း၊ကြိုတင်ပေးအနေဖြင့် ကုလားထိုင်(၁)လုံးလျှင် (၇၅၀၀-၈၀၀၀)ကျပ်ပေးဝယ်၍ ပြန်လည်ရောင်းချကြခြင်းဖြစ်ကြောင်း ၊ အခြားနယ်များမှလည်း အော်ဒါမှာယူ၍ဝယ်ယူကြောင်း၊လူတစ်ဦး တစ်နေ့(၃)လုံးနှုန်းဖြင့် ပြီးစီးအောင်ပြုလုပ်၍ ပြုလုပ်ရောင်း ချပါက(၁)လလျှင် အကျိုးအမြတ်အနေဖြင့်(၄၅၀၀၀၀-၅၀၀၀၀၀)ကျပ်အထိရှိကြောင်း၊ထန်းလက် ကုလားထိုင်ပြုလုပ်ရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုသော ရေကမိုးကျေးရွာသို့ ကွင်းဆင်းလေ့ လာမှုအရသိရှိရပါသည်။

DOCA(မန္တလေး)