Main menu

ရွှေတောင်ဒေသ၏ ပဲပုစွန်သီး(ခ) နွေပဲသီးဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

             ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန် ကျေးရွာတွင် ပဲပုစွန်သီး(ခ) နွေပဲသီးများကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး ပြာသိုလတွင် ပဲသီးများ စတင် ထွက်ပေါ်လာပါသည်။ ပဲပုစွန်သီး(ခ)နွေပဲသီးများကို စင်ထိုးပြီး စိုက်ပျိုးရပြီး စင်တစ်စင်လျှင် (၁၀)ရုံ သာစိုက်ပျိုးရပြီး နွေရာသီအချိန်ဖြစ်၍ ရေလောင်းပြီးစိုက်ပျိုးရပါသည်။ ပဲသီးစိုက်ပျိုး ထုတ်လုပ်ကုန် ကျစရိတ်အနေဖြင့် စင်တစ်စင်ဆောက်လုပ်ခအပါအဝင် (၁)သိန်း ကျပ်ခန့် ကုန်ကျကြောင်း သိရပါသည်။ နွေပဲသီးများစတင်ခူးဆွတ်ချိန်တွင် စင်တစ်စင်လျှင်အချိန်(၁၀)ခန့်ရရှိပြီး (၃)ရက် တစ်ခါခူး ရပါသည်။ ရောင်းချသည့်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၂၀၀ကျပ် မှ ၁၅၀၀ကျပ်ဖြင့် ရွှေတောင်မြို့ရှိ ပွဲစားများကလာရောက်ဝယ်ယူကြပြီး အခြားမြို့များနှင့် ဒေသတွင်းသို့ပြန်လည်ရောင်းချကြောင်း သိရပါသည်။ ပဲပုစွန်သီး(ခ) နွေပဲသီးကို စတင်ခူးဆွတ်ချိန်မှ (၃)ရက်ခြားတစ်ခါခူးဆွတ်ပြီး ပြပိုးများ ကျရောက်ချိန်အထိခူးဆွတ်ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)