Main menu

ကန်စွန်းဥ၊ ပိန်းဥ၊ အာတလွတ်ဥ၊ ပဲစိမ်းစားဥနှင့် ပဲမြစ် ဈေးကွက်

Powered by Drupal

ဈေးကွက်အတွင်း၌ ဆောင်းရာသီစားသောက်ကုန်များဖြစ်သော ကန်စွန်းဥ၊ ပိန်းဥ၊ အာတလွတ်ဥ၊ ပဲစိမ်းစားဥနှင့် ပဲမြစ်များ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အများဆုံးဝင်ရောက်ခဲ့ ပါသည်။ ယခုအခါ နွေဦးပေါက်ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နွေရာသီစားသောက်ကုန် များဖြစ်ကြသည့် ဖရဲသီး၊ သခွားမွှေးသီးနှင့် ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီးများ များစွာ ဝင်ရောက်လျှက်ရှိပါသည်။ ထို့အတွက်ကြောင့် ကန်စွန်းဥ၊ ပဲစိမ်းစားဥ၊ ပဲမြစ်များ လက်ကျန် နည်းပါးနေပြီးဖြစ်ပါသည်။ ပဲမြစ်သည် ထွက်ပေါ်ချိန်မှစ၍ ယခုအချိန်ထိ ဈေးကွက်ကျဆင်း သွားခြင်းမရှိဘဲ ပဲမြစ်တစ်ပိဿာလျှင်(၄၀၀၀/၅၀၀၀)ကျပ်ဈေးဖြင့် လက်လီရောင်းချလျှက်ရှိ ပါသည်။ ကန်စွန်းဥသည် ကြာရှည်ထားခံ၍ ဆောင်း၊ နွေ နှစ်ရာသီလုံးစားသောက်ရပါသည်။ ကန်စွန်းဥတွင် အဖြူ၊ အဝါ၊ ခရမ်းရောင် ဟူ၍ အရောင်ကွဲပြားမှုရှိသည်။ အရောင်နှင့်အလုံးအကြီး အသေးပေါ်မူတည်၍ ကန်စွန်းဥတစ်ပိဿာလျှင်(၃၅၀၀/၄၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။ ပဲစိမ်းစားဥမှာလည်း လက်ကျန်နည်းသွားပြီဖြစ်ပါသည်။ ပဲစိမ်းစားဥသည် အရည်ရွမ်းပြီး ရေဓါတ် ပါဝင်မှုများပြီး ရေငတ်ခံနိုင်ပါသည်။ ပဲစိမ်းစားဥ(၁၀/၁၅)လုံးပါ တစ်တွဲလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းဖြင့်‌ ရောင်းချ လျှက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)