Main menu

ပိန်းဥ၊ အာတလွတ်ဥဈေးကွက်

Powered by Drupal

ဈေးကွက်အတွင်း၌ ဆောင်းရာသီစားသောက်ကုန်များဖြစ်သော ကန်စွန်းဥ၊ ပိန်းဥ၊ အာတလွတ်ဥ၊ ပဲစိမ်းစားဥနှင့် ပဲမြစ်များ ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် အများဆုံးဝင်ရောက်ခဲ့ ပါသည်။ ယခု ဖေဖော်ဝါရီလထဲတွင် ဆောင်းရာသီစားသောက်ကုန်များ လက်ကျန်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရှိရသည်။ ထွက်ပေါ်စအချိန်၌ ပိန်းဥတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ အာတလွတ်ဥ တစ်ပိဿာလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ ပိန်းဥ၊ အာတလွတ်ဥများသည် ကြာရှည်ထားခံသောကြောင့် ယခုအချိန်ထိ လက်ကျန်ရှိနေခြင်း ဖြစ်ပါသည်။ လက်ကျန်ပစ္စည်းဖြစ်သည့်အတွက်ကြောင့် အရည်အသွေးအနည်းငယ်ကျဆင်းသွား သည်။ ယခုအချိန်တွင် ဈေးကွက်အတွင်း၌ ပိန်းဥတစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၂၅)ကျပ်သား လျှင်(၈၀၀)ကျပ်ဖြင့်လည်းကောင်း၊ အာတလွတ်ဥတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ပိန်းဥ၊ အာတလွတ်ဥများကို ပြုတ်၍ ဆီနှင့်ဆားဖြင့် တို့၍စားသောက်ကြသလို ပိန်းဥဆန်လှော်ဟင်းချက်ပြုတ်၍လည်း စားသောက်ကြ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)