
မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊စဉ့်ကိုင်၊တံတာဦး၊မြစ်သား၊ကူမဲ ဒေသများမှ သခွားနှင့်ဖရဲသီးများ ဝင်ရောက်လျက်ရှိပါသည်။သခွားမွှေးသီးအနေဖြင့်ပိုက်စွပ်နှင့်ရွှေသခွားဟူ၍ နှစ်မျိုးရှိပြီး စားသုံးသူများအနေဖြင့်ရွှေသခွားကိုပိုမိုကြိုက်နှစ်သက်ကြပါသည်။ဈေးကွက်ဈေးနှုန်း အနေဖြင့် ရွှေသခွားအဝိုင်းလုံးကြီးတစ်လုံးလျှင် ၄၀၀၀ကျပ်မှ၅၀၀၀ကျပ်၊အဝိုင်းလုံးသေးတစ်လုံး လျှင်၂၀၀၀ကျပ်မှ၂၅၀၀ကျပ်၊ပိုက်စွပ်ကြီးတစ်လုံးလျှင်၂၀၀၀ကျပ်မှ၂၅၀၀ကျပ်၊ပိုက်စွပ်သေးတစ်လုံးလျှင်၁၀၀၀ကျပ်မှ၁၅၀၀ကျပ်ရှိပြီးဖရဲသီးဈေးနှုန်းအနေဖြင့်အလုံးကြီးတစ်လုံးလျှင်၅၅၀၀မှ၇၀၀၀ကျပ်၊လုံးလတ်တစ်လုံးလျှင် ၃၅၀၀မှ၄၀၀၀ကျပ်၊အလုံးသေးတစ်လုံးလျှင် ၁၅၀၀မှ၂၀၀၀ကျပ်ဈေး
နှုန်းများနှင့်ဈေးကွက်အတွင်းအရောင်းအအဝယ်ဖြစ်လျက်ရှိပြီးယခုလတွင် မန္တလေးမြို့၏ ရာသီ ဥတုမှာလည်းအနည်းငယ်ပူလာသည့်အတွက်သစ်သီးဝလံများကို အအေးရောင်းချသည့် ဆိုင်များ နှင့် စားသုံးသူပြည်သူများမှဝယ်ယူမှုများ ကြောင်းသစ်သီးဝလံရောင်းချသူများထံမှသိရှိရပါသည်။
DOCA(မန္တလေး)