Main menu

ကြက်သွန်နီအစွမ်းအံ့မခမ်း

Powered by Drupal

ကြက်သွန်နီသည် ချို၏၊ စပ်၏၊ အနည်းငယ်ပူ၏။ ကြက်သွန်နီ၏ ဆေးဖက်ဝင်သတ္တိသည် အမွှန်ဓါတ်ပါရှိပါသည်။ ကြက်သွန်နီကို အစိမ်းတိုင်း မြှတ်စား၍သော်လည်းကောင်း၊ အသုပ်သုပ် စား၍သော်လည်းကောင်း စားသုံးကြသလို ဟင်းအမျိုးမျိုးချက်ပြုတ်စားသောက်ရာတွင်လည်း မပါ မဖြစ်လိုအပ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည်။ ကြက်သွန်နီကို ပါးပါးလှီး၍ မုန့်အနှစ်ဖြင့် နယ်ကာ ကြက်သွန်ပေါင်းကြော်ပြုလုပ်၍လည်း ရောင်းချကြသည်။ ကြက်သွန်နီကို ပါးပါးလှီး၍ နေအပူတွင်အခြောက်လှမ်းကာ ကြက်သွန်ခြောက်ပြုလုပ်၍ရောင်းချကြခြင်းရှိသလို ကြက်သွန်ခြောက် ကြော်ပြုလုပ်၍လည်း ရောင်းချလျှက်ရှိသည်။ ဈေးကွက်အတွင်း၌ ကြက်သွန်ခြောက်ကြော်သည် တံဆိပ်အမျိုးမျိုးဖြင့် ရောင်းချလျှက်ရှိရာ ရောင်းအားကောင်းသော လူသုံးကုန်ပစ္စည်းတစ်မျိုးဖြစ်ပါ သည်။ SME လုပ်ငန်းတစ်ခုဖြစ်သော ကြက်သွန်ပေါင်းကြော်ပြုလုပ်ရာတွင်လည်း ကြက်သွန်နီသည် အရေးပါသော သီးနှံတစ်ခုဖြစ်သည်။ မြန်မာတို့၏ အလှူမင်္ဂလာကုသိုလ်ပြုရာ အစားအစာဟင်းလျာ များဖြစ်ကြသော ကြက်သားနှပ်၊ ဝက်သားနှပ်၊ အမဲသားနှပ်၊ ငါးခြောက်နှပ်၊ ငံပျာရည်ချက်၊ ငါးပိချက် စသည်ဖြင့် ဟင်းလျာအများစုတွင်လည်း မပါမဖြစ် အရေးကြီးလှပါသည်။ ကြက်သွန်နီကို ဓါးဖြင့် လှီးသောအခါ အမွှန်ဓါတ်ထွက်လာပါသည်။ ၎င်းအမွှန်ဓါတ်သည် လေထဲရှိအောက်ဆီဂျင်နှင့် ဓါတ်ပြု သောအခါ လူကိုအကျိုးပြုသည့် ဆေးဖြစ်သွားသည်ဟု ဆေးပညာဗဟုသုတမှ လေ့လာသိရှိရပါ သည်။ ကြက်သွန်နီလှီးနေစဉ် အမွှန်ဓါတ်ကြောင့် မျက်ရည်ကျရ၊ နှာရည်များ ထွက်ကျလာတက် ပါသည်။ ကြက်သွန်နီသည် နှလုံးကိုအားဖြစ်စေပါသည်။ ကြက်သွန်နီစားလျှင် အစာခြေလမ်း ကြောင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပစ်နိုင်ပါသည်။ ကင်း၊ ပင့်ကူ၊ ပျား စသည့် အဆိပ်ရှိ သတ္တဝါများ အကိုက်ခံရလျှင် ကြက်သွန်နီထိပ်ဝကို ဓါးဖြင့်လှီး၍ ပွတ်ပေးလျှင် အဆိပ်ပြေနိုင် ကြောင်းလည်း လေ့လာသိရှိရသည်။ သံစူးက ကြက်သွန်ရည်ညှစ်ထည့်လျှင် အဆိပ်ပြေနိုင်ပါသည်။ ကြက်သွန်နီသည် သွေးကိုသန့်စင်စေပြီး အရွယ်တင်နုပျိုလန်းဆန်းစေပါသည်။ ကြက်သွန်နီကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်ဒေသများ၌ အနည်းသာစိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်၊ ဆောင်းကြက်သွန် ဟူ၍ နှစ်ရာသီ စိုက်ပျိုးကြသည်။ မိုးကြက်သွန်နီသည် ကြာရှည်ထားခံခြင်းမရှိပဲ ဆောင်းကြက်သွန်နီသည် ကြာရှည်အထားခံပါသည်။ ဈေးကွက်အတွင်း၌ ဆောင်းကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောက် လာပြီဖြစ်ပါသည်။ ကြက်သွန်နီအရည်အသွေး အလုံးအကြီးအသေးပေါ်မူတည်၍ ဈေးနှုန်းကွာခြား နိုင်ပါသည်။ မန္တလေးဈေးကွက်အတွင်း၌ ကြက်သွန်နီ(မြစ်သား)ရွှေဖလားမျိုး၊ ထိပ်မမျိုး တစ်ပိဿာ လျှင် ဥအကြီးအသေးပေါ်မူတည်၍ (၃၀၀၀/၄၀၀၀)ကျပ်၊ မြင်းခြံဥနှင့် အခြားကြက်သွန်နီမျိုးမှာ တစ်ပိဿာလျှင်(၂၅၀၀/၃၀၀၀)ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်း ကြက်သွန်နီ လက်လီရောင်းချသောဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)