
ဈေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်၊ ရှမ်း ပြည်နယ်ဒေသတို့မှထွက်သည့် ခရမ်းသီးအများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရှိရပါတယ်။ ခရမ်းရောင်၊ အစိမ်းရောင်၊ အဖြူရောင်ရှိသည့် ခရမ်းသီးကို ကလေးလူကြီးမရွေး ကြိုက်နှစ်သက် ကြပါတယ်။ ခရမ်းသီးမှာ ဗီလာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အေ၊ ဗီတာမင်ဘီ6 နှင့် အဟာရများစွာပါဝင်ပြီး ရာသီမရွေး ထွက်ရှိသည့် သီးနှံဖြစ်ကြောင်းသိရပါတယ်။ ခရမ်းသီးအခွံမှာ အမျှင်ဓါတ်များစွာ ပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းကြောင့် ခရမ်းသီးကို အခွံပါ စားသုံးကြရန် လိုအပ်ကြောင်းသိရပါတယ်။ မန္တလေးမြို့၊ ၄၁လမ်း၊ ကမ်းနားလမ်းနှင့် သီရိမာလာ၊ ပိုက်ကျုံဈေးတို့ရှိ ကုန်စိမ်းဈေးကွက်တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ တတိယပတ်တွင် ဖြစ်ပေါ် လျက်ရှိသော ခရမ်းသီးဈေးမှာ တစ်ပိဿာလျင် အလုံးကြီး လက္ကားဈေး (၁၃၀ဝိ/-)မှ (၁၅၀ဝိ/-) အထိ၊ လက်လီဈေး(၁၅၀ဝိ/-)မှ(၁၈၀ဝိ/-)အထိ၊ အလုံးသေး လက္ကားဈေး (၂၀၀ဝိ/-) လက်လီ ဈေး(၂၃၀ဝိ/-)ရောင်းချပြီး အသီးအရွယ်အစားအလိုက် ဈေးနှုန်းကွာခြားမှုရှိကြောင်း ကုန်စိမ်း ရောင်းချသူတစ်ဦးထံမှ သိရပါတယ်။
DOCA(မန္တလေး)