Main menu

မန္တလေးလိမ္မော်သီးဈေးကွက်

Powered by Drupal

မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေနှင့် ပြင်ဦးလွင်ဒေသထွက် လိမ္မော်သီးများ ဒီဇင်ဘာ၊ ဇန်နဝါရီလများကတည်းက ဝင်ရောက်လျက် ရှိပါသည်။ ယခုဖေဖော်ဝါရီလအတွင်း၌ ဗန်းမော်ဒေသထွက် လိမ္မော်သီးများ မန္တလေးဈေးကွက် အတွင်းသို့ ထပ်မံဝင်ရောက်လျက်ရှိပါသည်။ မန္တလေးမြို့ ဘုရားကြီးဈေးရှိ သစ်သီးမျိုးစုံရောင်းချသော ဆိုင်များတွင် ပန်းသီး၊ လိမ္မော်သီး၊ ထောပတ်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ကျွဲကော်သီး၊ စပျစ်သီး များနှင့်အတူ ဗန်းမော်ဒေသထွက် လိမ္မော်သီးများရောင်းချလျက်ရှိကြောင်း သိရှိရသည်။ လိမ္မော်သီး အမျိုးအစားများမှာ ဒေသထွက်လိမ္မော်၊ ပျားလိမ္မော်၊ ရွှေလိမ္မော်ဟူ၍ရှိသည်။  ဒေသထွက်လိမ္မော်သီး မှာ အရွယ်အစားအလိုက် တစ်လုံးလျှင် (၅၀၀/၆၀၀)ကျပ်၊ ဗန်းမော်ဒေသထွက် လိမ္မော်သီး(၂၅) ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ ရွှေလိမ္မော်သီး(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ် ဈေးနှုန်းများဖြင့်ရောင်းချ လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)