Main menu

မန္တလေးပဲယဉ်းစျေးကွက်

Powered by Drupal

ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲယဉ်းသီးနှံများ စတင်ဝင်ရောက်လာကြောင်း သိရပါတယ်။ ပဲမျိုးစုံအနက် ပဲယဉ်း သီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ရောင်းချသည့်စျေးကွက်ဝင် ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး သည်ပဲသီးနှံမျိုးစုံစိုက်ပျိုးမှု များပြားသည့်တိုင်းတစ်ခုဖြစ်ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲသီးနှံမျိုးစုံ စိုက်ပျိုးမှုမှာ (၁၀၁၉၄၇၇)ဧက ဖြစ်ကြောင်း သိရပါတယ်။ ပဲယဉ်းကို ပြည်တွင်း၌ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ပဲပြုတ်၊ပဲယဉ်းနှင့်ပြုလုပ်သည့်မုန့်များအဖြစ်စားသုံးကြပြီး၊ပဲစားသုံးခြင်းဖြင့် ကျန်းမာရေး အတွက် အရေးပါသည့်အသားဓာတ်၊ အမျှင်ဓာတ်၊ဗီတာမင်၊ ပရိုတင်းနှင့် သတ္ထုဓာတ်များ ရရှိ ကြောင်း သိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ပဲယဉ်း ၃တင်းဝင် တစ်အိတ်လျှင်  ၁၉၇၀၀၀ ကျပ်နှင့် ၂၀၀၀၀၀ ကျပ်၊ပဲယင်း(သေး) ၁၉၅၀၀၀ ကျပ်၊ပဲယင်း(နီ) ၂၂၅၀၀၀ကျပ်နှင့် ၂၂၈၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(ကြီး) ၃၂၈၃ ကျပ်နှင့် ၃၃၃၃ ကျပ်၊ ပဲယင်း(သေး) ၃၂၅၀ ကျပ်၊ ပဲယင်း(နီ) ၃၇၅၀ ကျပ်နှင့် ၃၈၀၀ ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။  ယခင်နှစ်ကာလတူစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(ကြီး) ၁၆၀၀၀၀ ကျပ်နှင့် ၁၆၅၀၀၀ ကျပ်၊ပဲယင်း(လတ်) ၁၅၅၀၀၀ကျပ်၊ ပဲယင်း(နီ) ၂၀၀၀၀၀ ကျပ်နှင့် ၂၁၀၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ပဲယင်း(ကြီး)၂၆၆၇ ကျပ်နှင့် ၂၇၅၀ကျပ်၊ပဲယင်း(လတ်) ၂၅၈၃ကျပ်၊ ပဲယင်း(နီ) ၃၃၃၃ကျပ် နှင့် ၃၅၀၀ကျပ် ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။ယခုနှစ်စျေးနှင့်ယခင်နှစ်စျေးနှိုင်းယှဉ်ပါက ပဲယင်း တစ်ပိဿာလျှင် ၅၈၃ ကျပ် စျေးနှုန်းမြင့်သွားကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ပဲယင်း ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရ ပါတယ်။

DOCA(မန္တလေး)