Main menu

အရောင်းသွက်သည့်ပဲကြီးစျေးကွက်

Powered by Drupal

   ဖေဖော်ဝါရီလတတိယပတ်အတွင်း မန္တလေးစျေးကွက်သို့ ပဲကြီးသီးနှံများဝင်ရောက်မှုများ လျက်ရှိပြီး၊ပဲကြီးသီးနှံမှာ(အစို/အခြောက်)အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါတယ်။ မန္တလေးတိုင်းဒေသကြီးသည် ပဲသီးနှံမျိုးစုံစိုက်ပျိုးမှုများပြားသည့် တိုင်းတစ်ခုဖြစ်ပြီး၊ မန္တလေး စျေးကွက်အတွင်းသို့ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့မှ စိုက်ပျိုးထွက်ရှိ သည့်ပဲကြီးသီးနှံများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့်ပဲကြီး သီးနှံများလည်း ဝင်ရောက်မှုများကြောင်း သိရပါတယ်။ ပြည်တွင်း၌ ပဲကြီးသီးနှံစားသုံးမှုမှာ ပဲကြီး နှပ်၊ပဲကြီးဟင်းချို၊ပဲကြီးကြော်၊ပဲကြီးလှော်သရေစာအဖြစ် အမျိုးမျိုးစားသုံးလျှက်ရှိပြီး၊ လက်ဖက် နှင့်တွဲဖက်၍ စားသုံးသည့်ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲကြီး(ကြီး)၂၇၀၀၀၀ကျပ်နှင့်၂၈၀၀၀၀ကျပ်၊ပဲကြီး(လတ်) ၂၅၅၀၀၀ကျပ်၊ပဲကြီး(သေး)၂၀၀၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာပဲကြီး(ကြီး) ၄၈၈၇ကျပ်နှင့် ၅၀၆၈ကျပ်၊ ပဲကြီး(လတ်) ၄၆၁၅ကျပ်နှင့်ပဲကြီး(သေး) ၃၆၂၀ကျပ်ဖြစ်ကြောင်း သိရပါတယ်၊။ ယခင်နှစ်ကာလတူအချိန်တွင် တစ်ပိဿာပေါက်စျေးမှာ ပဲကြီး (ကြီး) ၅၈၈၂ ကျပ်၊ ပဲကြီး(သေး) ၆၁၅၄ကျပ်နှင့်၆၃၃၅ကျပ်စျေးဖြစ်ပေါ်ခဲ့ပြီး၊ယခုပေါက်စျေးနှင့် ယခင်နှစ်ပေါက်စျေး နှိုင်းယှဉ်ပါက ပဲကြီး(သေး)တစ်ပိဿာလျှင်၂၇၁၄ကျပ်စျေးလျော့နည်းသွားကြောင်း သိရပါတယ်။ ပဲကြီးသီးနှံ ဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။ပြည်တွင်း၌ပဲကြီးသီးနှံမှာ အရောင်းသွက်သည့်ပဲတစ်မျိုးဖြစ်ပြီး၊ ပြည်တွင်းစားသုံးမှု ပမာဏများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်စျေးကွက်လိုအပ်ချက်များသည့်ပဲ  တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။

DOCA(မန္တလေး)