
ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းသာယာဝတီခရိုင်အုတ်ဖိုမြို့နယ်အတွင်းပန်းဂေါ်ဖီထုတ် များလှိုင်လှိုင်ပေါ်ထွက်နေပြီဖြစ်၍ ဂေါ်ဖီစိုက်တောင်သူများ စီးပွားရေးတွက်ခြေကိုက်နေမှုနှင့် ဈေးနှုန်း/ဈေးကွက်များအားသိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည်ဂေါ်ဖီစိုက်ပျိုးထားရှိသော ဂေါ်ဖီစိုက်ခင်းများသို့သွားရောက်ပြီး ကွင်းဆင်းလေ့လာ ခဲ့ကြပါသည်။
ထိုသို့ကွင်းဆင်းလ့လာရာတွင် လင်းလွန်းပင်အုပ်စု ဥတိုကျေးရွာမှ ဂေါ်ဖီစိုက်တောင်သူ ဦးဟံသိန်း၏ ပြောကြားချက်အရ ပန်းဂေါ်ဖီ တစ်ဧကစိုက်ပျိုးထားလျှင်အကျိုးအမြတ် ကျပ်သိန်း တစ်ရာ့ငါးဆယ်ကျော်ခန့် ရရှိနိုင်ကြောင်းသိရှိရပါသည်။ စိုက်ပျိုးသည့်ဂေါ်ဖီမျိုးများမှာ အများအား ဖြင့် ဖူဂျီယားမားနှင့် အိုးရှင်းမျိုးများကိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
ပန်းဂေါ်ဖီစိုက်ပျိုးရန် စိုက်ခင်းမြေအား လယ်ထွန်စက်ဖြင့် နှစ်စပ်ထွန်ယက်ပြီး ထယ်ရေး ညက် အောင်ပြုပြင်ကြရပြီး တစ်ဧကလျှင်နွားချေး ၈ စီးခန့်မြေခံထည့်ရကြောင်း ယခုနှစ်တွင် မိုးများခဲ့သ ဖြင့်နတ်တော်လဆန်း ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီးဖေဖော်ဝါရီလတွင် စတင်ခုတ် ယူနိုင်သည်။ သွင်းအားစု ကုန်ကျစရိတ်အနေဖြင့် ပျိုးထောင်သည်မှ စ၍ အပင်ဖိုး၊လုပ်သားခ၊ ပိုးသတ် ဆေး၊ အားဆေး၊ စုစုပေါင်း တစ်ပင်လျှင်အရင်းငွေ(၄၀၀) ကျပ် ကုန်ကျနိုင်သည်။တစ်ဧကလျှင် ပင်ကြား ၂၂ လက်မခန့်ခြား၍ စိုက်ပျိုးရကြောင်း အပင်အရေအတွက် ၂၅၀၀၀ ခန့် စိုက်ပျိုးရပြီး ရင်းနှီးမတည်ငွေ (၁၀၀,၀၀၀၀၀) ကျပ် ခန့်ကုန်ကျနိုင်ပါကြောင်းသိရှရပါသည်။ ယခုနှစ်တွင် ပန်းဂေါ် ဖီများဈေး ကောင်းရရှိသဖြင့် ပန်းဂေါ်ဖီတစ်ပွင့်လျှင် လက်ကားဈေး ၁၀၀၀ကျပ် ပျမ်းမျှရရှိပြီး တစ်ဧကဝင်ငွေမှာ (၂၅၀,၀၀၀၀၀) ကျပ်ရရှိနိုင်ပြီး တစ်ဧက အမြတ်ငွေ (၁၅၀,၀၀၀၀၀)ကျပ်ရရှိ နေပါသဖြင့် ပန်းဂေါ်ဖီစိုက်တောင်သူများ တွက်ခြေကိုက်နေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)