
ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့သစ်၊ အေးသီရိ ဈေးအတွင်း မရမ်းသီးများ စတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ မရမ်းသီးများတွင် မရမ်းချိုသီးနှင့် မရမ်းချဉ်သီးဟူ၍ (၂) မျိုးရှိပြီး နှစ်စဉ်ဝယ်လိုအားကောင်းသော သီးနှံဖြစ်ပါသည်။ ယခုနှစ် ပေါ်ဦးပေါ်ဖျား မရမ်းသီးဈေးနှုန်းများမှာ(၁) ပိဿာလျှင် (၄၅၀၀) ကျပ်မှ (၅၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
မရမ်းသီးကို အသီးအစိမ်းမှစ၍ အသီးအမှည့်အထိ အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ မရမ်သီးစိမ်းကို မရမ်းသီးထောင်းသုပ်၊ မရမ်းသီးငပိထောင်း၊ မရမ်းသီးစိမ်းငပိချက်၊ မရမ်းပြား ခြောက် အစရှိသဖြင့် အရသာထူးကဲအောင် အမျိုးမျိုးပြုလုပ်စားသုံးကြကြောင်း သိရှိရသည်။ မရမ်းသီးအမှည့်ကိုမူ သကြားဖြင့်စိမ်၍ မရမ်းယိုအဖြစ်စားသုံးလေ့ရှိကြောင်း သိရသည်။ မရမ်းသီးကို တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးထွက်ရှိပြီး မြန်မာနိုင်ငံအနှံ့သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
DOCA(ရှမ်း)