Main menu

ကသာမြို့တွင် စားအုန်းဆီရောင်းချမှု အခြေအနေ

Powered by Drupal

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင်၊ ကသာမြို့ပေါ်ရှိ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား (၂၀.၂.၂၀၂၅)ရက် နေ့တွင် စားအုန်းဆီများ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

              အဆိုပါ စားအုန်းဆီရောင်းချမှုအား ကသာခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနရှိ ဝန်ထမ်း များမှ သွားရောက်ကြီးကြပ်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းဦးရေ (၂၀၀၀)ကျော်အား တစ်ဦးလျှင် (၅၀)ကျပ်သား နှုန်းဖြင့် စားအုန်းဆီ(၁၁) ပေပါအား သင့်တော်သော ဈေးနှုန်းဖြင့် ကသာမြို့၊ရပ်ကွက်(၅)ရှိ  ဆီကုန်သည် ဒေါ်ချိုတီ၏ နေအိမ်တွင် ရောင်းချပေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(စစ်ကိုင်း)