
ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် စတော်ဘယ်ရီသီးများကို ဘူးဖြင့်ရောင်းချခြင်း၊ ခြင်းများဖြင့်ရောင်းချခြင်းများရှိပြီး အအေးဆိုင်များတွင် အအေးမျိုးစုံ၊ အသီးဖျော်ရည်မျိုးစုံ ရောင်းချသည့်အနက်မှ စတော်ဘယ်ရီသီးဖျော်ရည်ကိုလည်း ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ယခု ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့၏ စတော် ဘယ်ရီသီးဖျော်ရည် ဈေးနှုန်းများမှာ (၁)ခွက်လျှင်(၅၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ကန့်ဘလူမြို့ ဘုရားကြီးဈေးဆိုင်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)