Main menu

အရောင်တင်မှုန့်၊ နနွင်းမှုန့်ရောင်ချသည့်ဆိုင်များအား အဖွဲ့စုံဖြင့်ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၉.၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရွှေဘိုမြို့၊ စည်ပင်သာယာဈေးအတွင်းရှိ အရောင်တင်ခင်မောင်အေးဆိုင်အား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

             ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့် ငရုတ်သီးအကြမ်း မှုန့်များအား လုပ်သားများဖြင့် အိမ်တွင်ကြိတ်ခွဲ၍ ထုတ်လုပ်ရောင်းချခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရ သည့်အတွက် ခွင့်မပြုဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ ထည့်သွင်းရောနှောရောင်းချခြင်းမပြုဘဲ သဘာဝအရောင်အတိုင်းသာ ရောင်းချကြရန်၊ ဓါတုဆိုးဆေးများနှင့် တာရှည်ခံပစ္စည်းများ စားသုံးမိခြင်းကြောင့် ဖြစ်ပွားတတ်သော ရောဂါများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင် သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)