Main menu

ရာသီပေါ်သရက်ကင်းဈေးကွက်

Powered by Drupal

            မန္တလေးမြို့ပေါ်ရှိ ဈေးများတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့် ရာသီပေါ်သရက်ကင်းသီးနှံများ ရောင်းချလျက်ရှိ ပါသည်။ သရက်ကင်းလေးများကို မြန်မာလူမျိုးတို့သည် ခရမ်းချဉ်သီးငပိချက်၊ ငပိရည်ကျို၊ ငံပြာရည်ဖျော်တို့ဖြင့် အတို့အမြှုပ်အဖြစ်စားသုံးကြသည်။ သရက်သီးထွက်ရှိရာဒေသတို့တွင် သရက်ကင်းများအား ရက်ရှည်လများ စားသုံးရန်အတွက် သရက်ချဉ်၊ သရက်သီးပိုးတီ၊ သရက်သီးစားရည်စိမ်၊ သရက်သီးထောင်း စသည်ဖြင့်ပြုလုပ်၍ မိသားစုစားသုံးရန်သာမက ဈေးကွက်တွင်လည်းရောင်းချကြသည်။ မန္တလေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုသည် သရက်ပင်များကို အရိပ်ရရန်နှင့် အသီးစားသုံးရန်အတွက် မိမိတို့၏ နေအိမ်တွင်သော်လည်းကောင်း၊ စီးပွားဖြစ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း၊ သရက်ကင်းမှာ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းပေး၍ ဝယ်ရကြောင်းသိရှိရသည်။ သရက်ကင်းများထဲတွင် သုံးလုံးတစ်တောင်နှင့် နက်တဲ့သရက်ကင်းများမှာ အကောင်းဆုံး ဖြစ်ကြသည်။ ယခင်နှစ်က သရက်ကင်းတစ်လုံးလျှင် ၃၀၀ မှ ၄၀၀ကျပ် ရှိပြီး ၃လုံးလျှင် ၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် ၁လုံးလျှင် အရွယ်အစားအလိုက်(၃၀၀-၄၀၀-၅၀၀)ကျပ် တို့ဖြင့်ရောင်းချကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)