၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးတွင် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းများကို နေပြည်တော်တိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းအဖြစ် တိုးမြှင့်ဖွဲ့စည်းခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားတွင် နေပြည်တော်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေး၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသင်းအဖွဲ့များ၊ အစုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းကုန်သွယ်မှုတည်ငြိမ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အသင်းအဖွဲ့များ၊ ကုန်စည်ဒိုင်များ၊ စွန့်ဦးတီထွင်ဆောင်ရွက်လိုသူများကို တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး (Private, Public, Partnership)ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း၊နေပြည်တော်အတွင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများအလိုက် အသင်းအဖွဲ့များအား ဖွဲ့စည်းထားပါကြောင်း၊ ဖွဲ့စည်းထားသည့်အသင်းအဖွဲ့များ ရှင်သန်အားကောင်းစေရေးနှင့် မြို့နယ်အဆင့်အသင်းများအား တိုင်းအဆင့်အသင်းများအဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ပါက နေပြည်တော် အတွင်းရှိ ဆန်စက်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာနိုင်မည် ဖြစ်ပါကြောင်းနှင့် အသင်းအဖွဲ့ အမှုဆောင် ရွေးချယ်ရာမှာ မိမိကိုယ်ကျိုးအတွက် မဟုတ်ဘဲ ဆန်စက်လုပ်ငန်းရှင်များအကျိုး၊ နိုင်ငံတော်အကျိုး ဆောင်ရွက်လိုသော စိတ်ပါဝင်စားသည့်လုပ်ငန်းရှင်များအား နည်းလမ်းကျနစွာ အများဆန္ဒနှင့်အညီ ရွေးချယ်သွားရမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နေပြည်တော်ဦးစီးမှူးအပါအဝင် အရာထမ်း၊ အမှုထမ်း(၇)ဦး နှင့် အသင်းသူ/အသင်းသား(၁၃)ဦး စုစုပေါင်း(၂၀)ဦး တက်ရောက်ခဲ့ပါသည်။ နေပြည်တော်တိုင်းဆန်စက် လုပ်ငန်းရှင်များအသင်း(ယာယီ)ကို အသင်းသား(၁၃)ဦးဖြင့် ပါဝင်ဖွဲ့စည်းခဲ့ပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)