
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကြောင်လျှာသီး (အနု)ကို စားစရာ ဟင်းလျှာအဖြစ် စားသုံးလေ့ရှိပြီး စီးပွားဖြစ်စိုက်ခင်းအနေဖြင့် စိုက်ပျိုးမှုမရှိသလောက် ရှားပါးပြီး တပိုင်တနိုင်သာစိုက်ပျိုးကြပါသည်။ နတ်တလင်းမြို့နယ် ဈေးကွက်အတွင်း အသီး(အနု) ကို စားသုံးရန်အတွက်ရောင်းဝယ်နေသလို စားလို့မရတော့သည့် ကြောင်လျှာသီး (အရင့်)များကို အတောင့်အရွယ်အစားကိုလိုက်၍ တစ်တောင့် ငွေကျပ် (၁၀၀-၁၅၀) နှုန်းဖြင့် ကြောင်လျှာဆံထုတ်ရန် ဝယ်ယူကြောင်းသိရပါသည်။
ကြောင်လျှာဆံများကို နတ်တလင်းမြို့နယ် အတွင်းရှိ တောင်ညို၊ မကျည်းပင်၊ ကျောက်ခွက်၊ ထန်းတော၊ ပဲမခမ်း နှင့် ကျေးရွာအချို့မှ တစ်ပိဿာလျှင် ငွေကျပ် (၂၂၀၀၀) နှုန်းဖြင့်ဝယ်ယူပြီး တစ်ခါ တင်ပို့ပါက ပိဿာချိန် (၅၀)ခန့် ပြည်မြို့သို့တင်ပို့ကြောင်း ကြောင်လျှာဆံများကို တိုင်းရင်းဆေးဝါးထုတ်လုပ်ရာ တွင်အသုံးပြုခြင်းဖြစ်ကြောင်း ကြောင်လျှာဆံ ရောင်းဝယ်သူများ ထံမှသိရှိရပါသည်။
DOCA(ပဲခူး)