Main menu

မာစီ သောက်ရေသန့်လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး၊ ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၂)ရက်နေ့တွင် မာစီအမှတ်တံဆိပ် သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းသို့ သွားရောက်၍ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ယုံကြည်စိတ်ချစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးနှင့် ပတ်သက်၍ ပြည့်စုံစွာပါရှိနိုင်ရေး ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ သောက်ရေသန့်လုပ်ငန်းရှင်အား စက်ရုံဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ကြရန်၊ သောက်ရေသန့်များကို စနစ်တကျထုတ်ပိုး ဖြန့်ဖြူးရောင်းချရန်၊ ရေသန့်များအား ဖြန့်ဖြူးရောင်းချရာတွင် သယ်ယူပို့ဆောင်မှု စနစ်တကျရှိစေရေး၊ နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရေး နေကာ-မိုးကာများကာကွယ်၍ ဖြန့်ဖြူးရောင်းချရန်၊ စက်ရုံဝန်ထမ်းများ အား ခေါင်းစောင်း၊ ခြေအိတ်နှင့် လက်အိတ်များ စနစ်တကျ ဝတ်ဆင်ကြရန်၊ ရေသန့်ထုတ်လုပ်သော စက်ကိရိယာ၏ ရေဖိအား၊ ရေဖြတ်နှုန်း၊ လျှပ်စစ်အားစသည်တို့ကို စဉ်ဆက်မပြတ် စစ်ဆေး၍ မှတ်တမ်းတင်ထားရန်၊ သောက်ရေသန့် ထည့်သွင်းအသုံးပြုမည့် ရေသန့်ဘူးများသည် PET, HDPE, PE ပလပ်စတစ်အမျိုးအစားဘူးများသာ အသုံးပြုရန်၊ R.O.U.V ရေသန့်စင်စက်တွင် အသုံးပြုသော ဓာတုပစ္စည်းများ၊ ရေစင်များ (Resin)၊ ရေစစ်များ (Filter)လဲလှယ်ခြင်း၊ ဓာတုဂုဏ်သတ္တိ ပြန်လည် ရရှိစေရေး (Reactivation)ကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာန၏ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

          ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များရရှိရေးနှင့် သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရန်၊ အဆိုပါဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရမည့် တာဝန်များကို သိရှိလိုက်နာနိုင်စေရန်အတွက် အပြန်အလှန်ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)