Main menu

အောင်လံမြို့နယ်၏ နှမ်းသီးနှံဈေးနှုန်းဈေးကွက်နှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ အောင်လံနှမ်းဈေးကွက်တွင် မြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ၊ ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများနှင့် သရက်မြို့နယ်အတွင်းရှိ ကျေးရွာများတို့မှ ထွက်ရှိသည့် နှမ်းသီးနှံများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

နှမ်းနက်(စမုံ)

အောင်လံနှမ်းဈေးကွက်တွင် နှမ်းနက်(စမုံ)အနေဖြင့် အရည်အသွေးစံချိန် စံညွှန်းပြည့်မီသည့် ထိပ်စသီးနှံများကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၁၃၀၀၀ မှ ၂၂၁၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး (စတုတ္ထပတ်)တွင် ကျပ်(၂၁၅၀၀၀ မှ ၂၂၃၅၀၀) ဈေးနှုန်းရှိခဲ့၍  ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် (၁)တင်းလျှင် ကျပ်(၂၀၀၀) ဈေးနှုန်းမြင့် တက်ခဲ့ပါသည်။

အရည်အသွေးနိမ့်သည့် (သန့်စင်ရန်လို)သီးနှံများကို ဖေ‌ဖော်ဝါရီလ(တတိယပတ်)တွင် (၁)တင်းလျှင် ကျပ်(၂၀၈၃၀၀ မှ၂၁၁၅၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး (စတုတ္ထပတ်)တွင် ကျပ်(၂၁၀၀၀၀-၂၁၃၅၀၀)ဈေးနှုန်းရှိခဲ့၍ ယခုတစ်ပတ်တွင် ယခင်တစ်ပတ်ထက် (၁)တင်းလျှင် ကျပ် (၁၇၀၀ မှ ၂၀၀၀)ထိဈေးနှုန်းမြင့်တက်ခဲ့ပါသည်။

အရောင်းအဝယ်ပမာဏအနေဖြင့် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် နှမ်းနက်စမုံ စုစုပေါင်း တင်းရေ(၃၆၀၀)တင်း၊ တန်ချိန်(၈၈.၁၈)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းနီ

နှမ်းနီ၏ ဈေးနှုန်းဈေးကွက်အခြေအနေမှာ အများအားဖြင့် အောင်လံမြို့အတွင်းရှိ ဆီကြိတ်ခွဲ စက်ရုံများမှ ဝယ်ယူလျက်ရှိပြီး ယခင်ဖေဖော်ဝါရီလ(တတိယပတ်)မှ(စတုတ္ထပတ်)အထိ (၁)တင်း လျှင် ကျပ်(၁၁၀၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (စတုတ္ထပတ်)တွင် တင်းရေ(၁၅၀၀)တင်း၊ တန်ချိန်(၃၆.၇၄)တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းဖြူ

နှမ်းဖြူကို သီးနှံအရည်အသွေးအလိုက် ယခင်ဖေဖော်ဝါရီလ(တတိယပတ်) မှ (စတုတ္ထပတ်) အထိ (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၁၅၀၀)၊ အမြင့်ဈေး ကျပ်(၁၁၃၃၀၀)ဈေးနှုန်းဖြင့် ပြောင်းလဲ မှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိရာ (စတုတ္ထပတ်)တွင် တင်းရေ(၃၀၀)တင်း၊  တန်ချိန်(၇.၃၅) တန်ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရသည်။

နှမ်းသီးနှံကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် တင်းရေ (၅၄၀၀)တင်း၊ တန်ချိန် (၁၃၂.၂၇)တန်ခန့် အရောင်းအဝယ်ရှိခဲ့ပြီး ရန်ကုန်မြို့နှင့်မန္တလေးမြို့သို့တင်ပို့ကြောင်း အောင်လံ နှမ်းဈေးကွက်မှ သိရှိ ရပါသည်။

DOCA(မကွေး)