
ဒန့်သလွန်ပင်အား မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အများဆုံးတွေ့ရှိရပါသည်။ သက်တမ်းအား ဖြင့် (၁၀) နှစ်ခန့် သက်တမ်းရှိ၍ နှစ်ရှည်ပင်အမျိုးအစား ဖြစ်ပါသည်။
ဒန့်သလွန်ပင်၏ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီး စသည့် အစိတ်အပိုင်းအားလုံး အသုံးဝင်၍ သွေးချို၊ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့်ရောဂါများ အတွက် ကျန်းမားရေး အထောက်ကူ ဖြစ်စေပါသည်။ ဒန့်သလွန်ပင်တစ်ပင်လျှင် အတောင့်အရေအတွက် (၄၀၀)မှ (၅၀၀)ကြား ထွက်ရှိပါ သည်။ သဲကုန်းမြို့နယ် ဈေးကွက်အတွင်း ပေါ်ဦးစ ဒန့်သလွန်သီး တစ်တောင့် လျှင် (၂၅၀-၃၀၀)ကျပ် နှုန်းပေါက်ဈေးရှိပြီး ယခု ဖေဖေါ်ဝါရီလ တတိယပတ်တွင် ဒန့်သလွန်သီးတစ် တောင့် (၁၀၀-၁၅၀)ကျပ် ဖြင့် ဈေးကောင်းရလျှက် ရှိပါသည်။ ဈေးကွက် အနေဖြင့် ရန်ကုန်၊ ပြည်၊ လက်ပံတန်းမြို့ များသို့ တင်ပို့ရောင်းချကြောင်းသိရပါသည်။
DOCA(ပဲခူး)