
ကြက်သွန်နီ (ဆောင်း)သီးနှံကို ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် အတွင်းရှိ ဝဲကြီးကျေးရွာ၊ ကျောင်းကြီးကျေးရွာ၊ ပေါက်တန်းကျေးရွာ၊ သဲကုန်းရွာ၊ သရက်တစ်ပင် ရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး အခြားကျေးရွာအချို့တွင် လည်း တပိုင်တနိုင်စိုက်ပျိုး ကြပါသည်။
ဇန်နဝါရီလဆန်းပိုင်းတွင် ဖြစ်ပေါ်နေသည့် မိုးကြက်သွန်နီအသစ် ဈေးနှုန်းများမှာ ကြက်သွန်နီအကြီး(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ ကြက်သွန်နီအလတ် (၁)ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်နီအသေး(၁)ပိဿာလျှင် (၁၅၀၀)ကျပ် ရှိကြောင်း သိရှိရပါသည်။ နတ်တလင်းမြို့မှထွက်ရှိသော ကြက်သွန်နီများကို ဒေသတွင်းစားသုံးကြပြီး ပိုလျှံသော ကြက်သွန်များအား အနီးနားရှိမြို့များသို့ ရောင်းချကြောင်းသိရသည်။
DOCA(ပဲခူး)