
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက် (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးအခန်း၌ တနင်္သာရီတိုင်းဒေသကြီးဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကနဦးစိစစ်ရေးအဖွဲ့၏ (၃/ ၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားကျင်းပခဲ့ရာ အဖွဲ့ဝင်တနင်္သာရီတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားကာ အတွင်းရေးမှူး၊ တိုင်းဒေသကြီး သတ္တုတွင်းဦးစီးဌာန ညွှန်ကြားရေးမှူးမှ လိုင်စင်လျှောက်ထားမှုအခြေအနေများနှင့် ကွင်းဆင်းစစ်ဆေးမှုများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တက်ရောက်လာသော အဖွဲ့ဝင်များမှ အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)