
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်နေ့၊ ၁၄း၁၅ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ၊ တိုင်းဒေသကြီးဦးစီးမှူးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်များမှ ဒေသတွင်း MSMEs လုပ်ငန်းများ ပိုမိုအားကောင်း ဖွံ့ဖြိုးလာစေရေးအတွက် အသင်းအဖွဲ့များဖွဲ့စည်းရေးကိစ္စရပ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးမှ အသင်းအဖွဲ့များဖွဲ့စည်းခြင်းများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အချက်များ နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး မိမိတို့ဌာနအနေဖြင့်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပူးပေါင်း၍ လိုအပ်သည်များကို တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)