
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိရောက်စွာကာကွယ်ပေးနိုင်ရန် အသိပညာပေး လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ၂၀၁၉စားသုံးသူကာကွယ်ရေးဥပဒေအား ရှင်းလင်းအသိပေးဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ ဥပဒေနှင့်အညီ ထုတ်လုပ်ဖြန့်ဖြူး၊ တင်သွင်းရောင်းချနိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့ပေါ်ရှိ စားသုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်( ၈ )ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း (၂)ကြိမ်၊ ဆန်အရောင်းဆိုင်လုပ်ငန်းရှင်( ၈ )ဦးနှင့် တွေ့ဆုံဆွေးနွေးခြင်း( ၁ )ကြိမ်၊ စုစုပေါင်း (၃)ကြိမ် ဆောင်ရွက်ခဲ့ကြောင်းနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သို့ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောဆွေးနွေး ခြင်းနှင့် ရွှေကယားသောက်ရေသန့်စက်ရုံသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟော ပြောဆွေးနွေးခြင်း စုစုပေါင်း( ၃ )ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)