Main menu

စစ်ကိုင်းမြို့ရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချသည့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့

Powered by Drupal

ရက်စွဲ၊ ၁၀.၃.၂၀၂၅

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းမြို့နယ်တာဝန်ခံသည် ခရိုင်ရုံးမှ တာဝန်ရှိသူများ၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီး ဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ မတ်လ (၇)ရက်နေ့တွင် စစ်ကိုင်းမြို့၊ မိုးဇာရပ်ကွက်ရှိ “နေလ”စတိုး၊ “ဟက်ပီးဘေဘီ” ကလေးပစ္စည်းအမျိုးမျိုးဆိုင်၊ ဆိုင်(၂)ဆိုင် ၌  ဖြန်ဖြူးရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ (၂/၂၀၁၉)ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိ/မရှိ  ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ  GOLD POWER အမှတ်တံဆိပ် ကလေးဖြည့်စွက် အာဟာရမှုန့် (၂၅၀-ဂရမ်)ဘူးများသည် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထား သည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။ စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ၊ ဥပဒေ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေး ခြင်းဆိုင်ရာ အချက်အလက်များအကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)