ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ဈေးတာဝန်ခံများနှင့်အတူ ၈-၆-၂၀၂၂ ရက်နေ့တွင် ပဲခူးခရိုင် ညောင်လေးပင်မြို့(မြို့မဈေး) နှင့် ပြွန်တန်ဆာမြို့( စည်ပင်သာယာ) ဈေးအတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီပင်ရင်းဆိုင်များအား သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့သွားရောက်စစ်ဆေးရာတွင် စားအုန်းဆီပင်ရင်းဆိုင်များတွင် ရောင်းချလျက်ရှိသော (Goody) ဟင်းသီးဟင်းရွက်ဆီ၊ (Meizan) ဟင်းသီးဟင်းရွက်ဆီ၊ (Meizan) နေကြာဆီ၊ (Lotus)ဟင်းသီးဟင်းရွက်ဆီ ၊ (Duck)ဘဲလေး ဟင်းသီးဟင်းရွက်ဆီ၊ (Good Choice) ဟင်းသီးဟင်းရွက်ဆီ အစရှိသော စားအုန်းဆီဗူးများတွင် ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေ၊ အခန်း(၁၈) ၊ ပုဒ်မ (၄၁) အရ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ၊ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ (၂၀) ရက်နေ့တွင် ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့်အညီ ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အထက်ဖော်ပြပါ အချက်များနှင့် ကိုက်ညီမှုရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအရ သိရှိရပါသည်။
DOCA(ပဲခူး)