
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့ နယ်ဦး စီးမှူးရုံးသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၀.၃.၂၀၂၅)ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန် ညောင်တုန်း မြို့နယ် အရွဲကျေးရွာ ရွှေဝါနဒီ ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ရွှေဝါနဒီ ဆန်စက်လုပ်ငန်းရှင် ဦးလူမော်မြင့်မောင်နှင့်တွေ့ဆုံ၍ ဆန်စက်တွင် ဆန်ကြိတ်ခွဲထုတ်လုပ်မှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ၊ ဆန်တင်ပို့ရောင်းချမှု ဈေးကွက်အခြေအနေများ၊ ဆန်စက်အဆင့် အတန်းနှင့် Gasifier သုံးစနစ်ဆောင်ရွက်မှု အခြေအနေများကို စက်ရုံအတွင်းကြည့်ရှုလေ့လာခဲ့ပြီး ရွှေဝါနဒီ ဆန်စက်မှ အဆင့်မြင့်တင်လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်ရေး လယ်ယာထွက်ကုန် နှင့် ရေထွက်ပစ္စည်းတင်ပို့နိုင်မှုအခြေအနေကိုလည်းကောင်း၊ ဆန်ကို ပြည်ပသို့ အရေအတွက် ၁၃၀၈၆၇ ခန့် တင်ပို့နိုင်ပြီး၊ ဆန်ကွဲကို အရေအတွက် ၅၈၂၄၈ တင်ပို့နိုင်ကြောင်း ဆန်စက်တာဝန်ရှိသူထံမှသိရပြီး ပေါင်းဆန်ကို အရေအတွက်၂၄၀၀ ခန့် တင်ပို့ထားပြီးဖြစ်ကြောင်းသိရသည်။ MyRoတွင် သိုလှောင်ရုံမှတ်ပုံတင်သက်တမ်းတိုးခြင်း တစ်နှစ်ပြည့်မြောက်၍ ထပ်မံသက်တမ်းတိုးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အသိပညာပေးခြင်း ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)