Main menu

စားအုန်းဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး ၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ခုနစ် မတ်လ(၁၀)ရက်နေ့၊ နေ့လယ် (၁၁:၀၀)နာရီအချိန်တွင်  ဒေးဒရဲမြို့ မဈေးကြီးအတွင်းရှိ  ကုန်မျိုးစုံအရောင်းဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်းဈေးနှုန်းဖြင့် ဆိုင်းဘုတ် တင်ရောင်းချခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်း ရောင်းချသော စားအုန်းဆီများနှင့် ပတ်သက်၍ FDA ထောက်ခံချက် မပါသော ဆီဘူးများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် မပါဝင်သောကုန်စည်များ ရောင်းချခြင်းရှိ/ မရှိနှင့် ရောင်းချသူလုပ်ငန်းရှင်များအား စားအုန်းဆီအခြေခံ ရည်ညွှန်းဈေးဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများပြုလုပ်ပါက အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးအဆိုပါဆိုင်များတွင် စားအုန်းဆီများ ရည်ညွှန်း ဈေးနှုန်းဖြင့်ရောင်းချပြီး ဆိုင်းဘုတ်တင်ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)